Monday, August 6, 2018

Fun with Dick and Jane (2005) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Link - 779 MB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 904 MB


























Synopsis
Jim Carrey ကားတွေဟာ ဟာသပြကွက်တွေဖန်တီးရင်း လူ့သဘော သဘာဝ တွေကို အကောင်းမွန်ဆုံးဖန်တီးတင်ဆက်ပေးထားတာကြောင့် ကမ္ဘာကျော်ပြီးလူကြိုက်များတာအားလုံးလည်းအသိပါ…… ဒီဇာတ်ကားမှာတော့ Jim Carrey ဟာ  Dick ဆိုတဲ့နာမည်နဲ့သရုပ်ဆောင်ထားပြီး သူဟာ

ဂလိုဘိုဒိုင်းဆိုတဲ့ ကုမ္ပဏီတစ်ခုမှာ ၁၅ နှစ်ကြာ ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ပါ… သူ့မှာ Jane ဆိုတဲ့ ဇနီးဖြစ်သူ နဲ့အတူ သားလေးအပါအဝင် မိသားစု သုံးယောက်ရှိပါတယ်.. Dick ဟာ သူ့ ကုမ္ပဏီမှာ ဒုဥက္ကဠ ရွေးခံရတဲ့အချိန်မှာပဲ ပြဿနာတွေစပါတော့တယ်…ဒုဥက္ကဌရာထူးတိုးပြီမို့ ဇနီးကိုလဲ အလုပ်ထွက်ခိုင်းခဲ့ပါတယ်…သူ့ရဲ့လစာနဲ့ တစ်မိသားစုလုံးကိုထောက်ပံ့နိုင်ပြီလို့ သူကတွက်ထားတာကိုးး…. ကံဆိုးတာက မကြာခင်မှာပဲ ဂလိုဘိုဒိုင်းကုမ္ပဏီရဲ့ CEO Jack ဟာ ရှယ်ယာတွေကို ရောင်းပြီး ကုမ္ပဏီကြီး ပြိုလဲခဲ့ပါတယ်...Dick အပါအဝင် ဂလိုဘိုဒိုင်းက ဝန်ထမ်းအားလုံး ဒုက္ခရောက်ခဲ့ပါတယ်… အလုပ်လက်မဲ့ ဖြစ်သွားတဲ့Dick ဟာ သူ့မိန်းမ လစာ ကိုပဲ အားကိုးရမလားတွေးရုံရှိသေး..သူ့ မိန်းမက သူ့စကားအတိုင်း အလုပ်ကနေ ထွက်ခဲ့ပါတယ်...လင်မယားနှစ်ယောက်လုံး အလုပ်လက်မဲ့ဖြစ်သွားပါတော့တယ်… Dick ဟာ ကုမ္ပဏီမှာ ရာထူးကြီးကြီးနဲ့ ထွက်ခဲ့သူဆိုတော့ သာမန်အလုပ်လေးတွေကို လုပ်ဖို့ဆန္ဒမရှိခဲ့ပါဘူး… နောက်ဆုံးကြံရာမရတဲ့အဆုံး လင်မယားနှစ်ယောက်လုံးဓားပြတိုက်ကြပါတော့တယ်…. သူတို့လင်မယား(၂)ယောက်ရဲ့ဓားပြတိုက်ဖို့ ပစ်မှတ်ဟာ ဘယ်သူဖြစ်မလဲ .သူတို့ဘယ်လိုတွေ အစီအစဉ်ချလဲ…သူတို့ရည်ရွယ်ချက်တွေရောအောင်မြင်ပါ့မလား…..ကိုင်းခံစားကြည့်လိုက်ပါဦးဗျ..

File Size : (900 MB) and (324 MB)
Quality : Blu-Ray 720p
Format…mp4
Duration…01:30:00
Genre : Comedy, Crime
Subtitle : Myanmar Subtitle (Hard Sub)
Credit : Channelmyanmar

Thursday, August 2, 2018

Avengers: Infinity War (2018) မြန်မာစာတန်းထိုး

Download Here (ဒီမှာဒေါင်းပါ) Google Link - 2 GB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 2.49 GB































Synopsis

MCU ရဲ့ စတင်တည်ဆောက်ပြီး ၁၀ နှစ်မြောက်မှာ Infinity War ဆိုတဲ့ ရုပ်ရှင် ထွက်ရှိလာခဲ့ပါပြီ။ ဒီဇာတ်လမ်းဟာ ယခင်ထွက်ရှိခဲ့ပြီးတဲ့ မာဗယ်စူပါဟီးရိုးကားတွေနဲ့ ချိတ်ဆက်ထားတာမို့ အများကြီးတော့ မညွှန်းတော့ပါဘူး။

ယခင်ကားတွေကို သေချာမသိခဲ့ရင်တောင် ဒီကားထဲမှာ အတော်လေး အကျဉ်းချုံး ရှင်းပြသွားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စကြဝဠာမှာ အကြီးဆုံးစစ်တပ်ကိုပိုင်ဆိုင်ထားတဲ့ တိုက်တန်ကြီး သားနို့စ်ဟာ အနန္တကျောက်တုံး ခြောက်တုံးကို စုစည်းပြီး စကြဝဠာရဲ့ တစ်ဝက်တိတိကို သတ်ပစ်ဖို့ ကြံစည်လာပါတယ်။ ဒီအကြံကို အဗန်ဂျာတွေ နဲ့ စကြဝဠာစောင့်ရှောက်သူအဖွဲ့ တို့ ပူးပေါင်းပြီး ကာကွယ်ကြတဲ့အခါ MCU သမိုင်းရဲ့ အကြီးဆုံး တိုက်ပွဲကြီးတွေ ပေါ်ပေါက်လာပါတော့တယ်။ (Little Neo ဘာသာပြန်တင်ဆက်ပေးထားပါတယ်)

File Size : (2.49 GB) and (2 GB)
Quality : Blu-Ray 1080p 5.1 CH x264
Running Time : 2hr 29min
Format : Mp4
Genre : Action, Adventure, Fantasy
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.BluRay.x264-Replica
Credit : channelmyanmar

Tuesday, July 31, 2018

Walking Tall (2004) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Link - 881 MB

Downlaod Here (ဒီမှာဒေါင်းပါ) Mega Link - 749 MB




Synopsis

အက်​ရှင်​ကားကြိုက်​တဲ့ပရိသတ်​​တွေအတွက်​ ဇာန်​ကား​ကောင်း​လေးတစ်​ကားတင်​​ပေးလိုက်​ပါတယ်​Walking Tall ရုပ်​ရှင်​ဇာတ်​ကားဟာ ၂၀၀၄ခုနှစ်​ထွက်​ အက်​ရှင်​ဇာတ်​ကားတစ်​ကားဖြစ်​ပြီး Imdb rating 6.2/10 ရရှိထားပါတယ်​ပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက​တော့ အက်​ရှင်​မင်းသားကြီးDwayne Johnson,မင်းသမီး​ချော Ashley Scott,မင်းသား Johnny Knoxville စတဲ့သူ​တွေဖြစ်​ပါတယ်​ဇာတ်​လမ်းအကျဉ်းက​တော့ ဂုဏ်​ထူး​ဆောင်​စစ်​သားဖြစ်​ဖူးတဲ့ Chris Vaughn တစ်​​ယောက်​ ရာထူးက​နေအနားယူပြီး ​မွေးရပ်​​မြေမြို့​လေးမှာ ပြန်​အ​ခြေချ​နေထိုင်​ခဲ့ပါတယ်​။သူပြန်​လာတဲ့အခါ တစ်​မြို့လုံးမှာအကြီးဆုံးစီးပွား​ရေးက အရင်​​ကျောင်း​နေဖက်​​တွေဖြစ်​ခဲ့ဖူးတဲ့Jay Hamilton နဲ့ Ray Templeton တို့ဦးစီးလုပ်​ကိုင်​​နေတဲ့ ကာစီနို​လောင်းကစားဝိုင်းကြီးဖြစ်​​နေခဲ့ပါတယ်​။

တစ်​မြို့လုံးမှာ ​လောင်းကစား အရက်​ ​ဆေး စသည်​ဖြင့်​မ​ကောင်းမှုမျိုးစုံနဲ့ပြည့်​​နေတာကိုမြင်​​နေရတဲ့အခါ Chris တစ်​​ယောက်​ ရဲ​တွေကိုယ်​စား သူ့လက်​နဲ့​ဖြေရှင်းပါ​တော့တယ်​။သူတစ်​ကယ်​ပဲ​ဖြေရှင်းနိုင်​ပြီး အရင်​ကလို​ကောင်းမွန်​တဲ့မြို့​လေးပြန်​ဖြစ်​​အောင်​လုပ်​နိုင်​မှာလား….ဘယ်​လို ပြဿနာ​တွေကြုံ​တွေ့ရမှာလဲဆိုတာ စွန့်​စားခန်းအပြည့်​နဲ့ရိုက်​ကူးထားတာမို့ အက်​ရှင်​ကားချစ်​ပရိတ်​သတ်​​တွေကြည့်​ရှု့အား​ပေးလိုက်​ပါဦး

File Size : (881 MB) and (749 MB)
Quality : Blu-Ray 720p
Running Time : 1hr 26min
Format : Mp4
Genre : Action, Crime
Subtitle : Myanmar Subtitle (Hard Sub)
Credit : Channelmyanmar

Monday, June 25, 2018

Revolutionary Road (2008) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Link - 935 MB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 1.1 GB
































Synopsis

Titanic စုံတွဲ လီယိုနာဒိုနဲ့ကိတ်ဝင်းစလတ်တို့ကို ပူးတွဲပြီး ထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်ကားနဲ့ မင်းသမီးကိတ်ဝင်းစလတ်ဟာ Golden Globe Awards ဆုကိုရရှိခဲ့ပါတယ်…ရုပ်ရှင်အညွှန်းကိုတော့ ကိုဝဏ္ဏသန်းထွန်းရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။——————————————-Revolutionary Road အား ဆင့်ပွားခံစားခြင်း==============================ပထမဆုံး မိတ်ဆက်ပေးချင်တာတော့ ဒီ ဇာတ်လမ်းကို ရေးသားခဲ့သူ စာရေးဆရာ Richard Yates နဲ့ သူ့ ၀တ္တုအကြောင်းပါ။ ဒီ ၀တ္တုဟာ ရစ်ချက် ရဲ့ ပထမဆုံး ဖန်တီးမှု တစ်ခုဖြစ်ခဲ့ပြီး (၁၉၆၂) ခုနှစ်ရဲ့ National Book Award မှာ နောက်ဆုံး စကာတင် သုံးဆုထဲ ပါခဲ့ပါတယ်။ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး (၂၀၀၅) ခုနှစ်မှာ Time မဂ္ဂဇင်းက ရွေးချယ်တဲ့ (၁၉၂၃) ခုနှစ်ကနေ လက်ရှိအချိန်ထိ အကောင်းဆုံး အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့ စာအုပ်တစ်ရာ အတွင်း ပါဝင်ခဲ့တယ်လို့ အင်တာနက် မှတ်တမ်းများအရ သိရပါတယ်။ ဒီ Revoultionary road နဲ့ ပါတ်သတ်ပြီး ရစ်ချက်က အင်တာဗျူး တစ်ခုမှာ … “ကျွန်တော် ဒါကို ရေးခဲ့တာ (၁၉၅၀) ခုနှစ်များဆီက အမေရိကန်တွေရဲ့ ဘ၀တွေကို ပုံဖော်ပြချင်တာထက် ပိုပါတယ်။ ခင်ဗျားတို့လည်း သိမှာပါ။ အဲဒီကာလတွေ တုန်းက ဆင်ခြေဖုန်းရပ်ကွက်တွေမှာ နေတဲ့ သာမန် လူတန်းစား အလွှာ တစ်ခုတင် မကပါဘူး။ တစ်နိုင်ငံလုံးမှာ ကြပ်တည်းမှုတွေ၊ ရုန်းကန်ရပ်တည်ရတာတွေ၊ ဘ၀အာမခံချက်မရှိ၊ လုံခြုံမှု မရှိတဲ့ အခြေအနေတွေကို ကျနော်တို့ ရင်ဆိုင်ခဲ့ရတာ မှတ်လား” ဆိုပြီး ဖြေကြားသွားပါတယ်။အဲဒီခေတ်ကာလ က လူနေမှုပုံစံတွေကို ထင်ဟပ်ပြတဲ့ အိမ်ထောင်ရေး ဇာတ်လမ်းတစ်ခုပေါ့။ (၁၉၅၀) နှစ်များဆီက အမေရိကန် တောင်ပိုင်းပြည်နယ် တစ်ခုရဲ့ မြို့ တစ်မြို့မှာ Frank နဲ့ April တို့ နှစ်ဦးက Bar တစ်ခုမှာ တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့တယ်။ အဲဒီ အချိန်မှာ ဖရန့်ခ် က အလုပ်ကိုင် မယ်မယ်ရရမရှိ ကြုံရာကျပန်း လုပ်နေရသလို၊ အေပရယ်ကလည်း မင်းသမီးဖြစ်ချင်လို့ ကြိုးစားနေဆဲ ကာလ၊ အေပရယ်ကို လက်ထပ်ပြီး ဖရန့်က ကုမ္ပဏီ တစ်ခုမှာ အရောင်းစာရေးနေရာက ၀င်လုပ်တယ်။ နောက်ပိုင်း အေပရယ် ကိုယ်ဝန်ရလာတဲ့ အချိန်ကျမှ ဆင်ချေဖုန်းရပ်ကွက် တစ်ခု ရဲ့ Revolutionary road လို့ အမည်ရတဲ့ လမ်းက နေအိမ်ကို ပြောင်းရွှေ့ပြီး နေထိုင်ခဲ့ကြပါတယ်။(သူတို့နဲ့ တစ်ရပ်ကွက်တည်း နေတဲ့အိမ်နီးချင်းတွေကတော့ ရုန်းကန်ရပ်တည်ရမှုတွေနဲ့ အသားကျနေတဲ့ Revolutionary လမ်း က မိသားစုတွေထဲ မှာ သူတို့ ဇနီးမောင်နှံက အဒီ အခြေအနေတွေကို တော်လှန်ပြီး ပျော်ရွှင်တဲ့ အိမ်ထောင်သည် ဘ၀ တွေကို ထူထောင်နိုင်သူများ အဖြစ် သတ်မှတ်ခဲ့ပါတယ်။)အများရဲ့ အမြင်မှာ သာယာချမ်းမြေ့တဲ့ လူငယ်စုံတွဲ အိမ်ထောင်သည် ဘ၀ကို ဖရန့်ခ် နဲ့ အေပရယ် တို့က ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ပေမယ့် တကယ့် လက်တွေ့ဘ၀မှာ တော့ သူတို့ နှစ်ဦးအိမ်ထောင်ရေးက အဆင်မပြေလှပါဘူး။သားသမီးတွေရလာချိန်မှာ အေပရယ်က ဘ၀နောင်ရေးအတွက် ခိုင်မာချင်လာတယ်။ ခင်ပွန်းဖရန့်ခ် ကိုလည်း သူ ၀ါသနာဗီဇ နဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခု လုပ်စေချင်တယ်။ ဒါကတော့ မထူးဆန်းပါဘူး။ မိခင်ကောင်း၊ အိမ်ထောင်ရှင်မတိုင်း ဖြစ်ချင်ကြတဲ့ စိတ် ဆန္ဒမျိုးပါပဲ။ ဖရန်ခ့်ဘက်က ကြည့်တော့လည်း သူ ၀ါသနာမပါလှတဲ့ အလုပ်ထဲမှာ တစ်နေ့ (၁၀) နာရီ အချိန်ပေးပြီး အလုပ် လုပ်နေတယ်။ သားသမီးတွေကို အဆင်ပြေအောင် ကျွေးမွေးနိုင်တယ်။ ဒါပေမယ့် သူ အိမ်ထောင်ရေးဘ၀က အဆင်မပြေလှဘူး။ ဇနီးဘက်က Demanding တွေ များလွန်းတယ်ပေါ့။မပျော်ရွှင်တဲ့ အိမ်ထောင်သည် ဘ၀ကို ဖြေရှင်းဖို့ အမျိုးမျိုး ကြိုးစားနေပေမယ့် မအောင်မြင်၊ ဒါကိုပဲ ဖုံးကွယ်ဖို့ ကြိုးစားရင်း နဲ့ လုံးခြာလိုက်နေတော့တာပဲ။ ဧပရယ်က ပြင်သစ်မှာ အခြေကျဖို့ စီစဉ်တယ်။ ဖရန့်ခ်ကလည်း သဘောတူပြီးကာမှ ဧပရယ် မှာ တတိယ ကိုယ်ဝန်လွယ်လာရချိန်၊ ဖရန့်ခ် အလုပ်ကလည်း လခ ကောင်းကောင်းနဲ့ ရာထူးတိုးပေးလို့ တိုင်ပင်ထားတဲ့ အစီအစဉ်က ပျက်၊ အဲဒီ မလိုချင်တဲ့ ကိုယ်ဝန်ကို ဧပရယ်က ဖျက်ချပစ်ချင်၊ ယောက်ကျားလုပ်သူက သဘောမတူ၊ အခြေအနေရ ဒီမှာပဲ ဆက်နေဖို့ လက်ခံလိုက်ရပေမယ့် ဇနီးဖြစ်သူရဲ့ စိတ်ထဲမှာတော့ ပဲရစ် အစီအစဉ် အကောင်အထည် ဖော်ခွင့်မရလိုက်တာ ကြီးမားတဲ့ မကျေနပ်မှု အစိုင်အခဲပဲ။ သူ့ရဲ့ မျှော်လင့်ချက်ကို ခင်ပွန်းဖြစ်သူက ရိုက်ချိုးခဲ့တယ်လို့ပဲ ထင်နေတယ်။အဲဒီ နောက်ပိုင်းမှာ သူတို့ လင်မယား နှစ်ယောက် ရဲ့ ကြားက ဆက်ဆံရေးက အရမ်း အေးခဲသွားခဲ့ပြီ။ အဲဒီ အခြေအနေကြားမှာ ဖရန့်ခ် က သူ့ အလုပ်ထဲက အမျိုးသမီး မော်ရင်း နဲ့ ဖောက်ပြန်ခဲ့သလို၊ အေပရယ်ကလည်း အိမ်နီးချင်း ကလေးအဖေ တစ်ဦးနဲ့ ငြိစွန်းသွားခဲ့တယ်။ ဒါက ဘယ်လိုမှ လက်သင့်ခံစရာ မရှိတဲ့ အမည်းစက်ပါ။ ဒါပေမယ့် …လူတွေရဲ့ အပြုအမူကို ခေတ်ကြောင့်လို့ အတိအကျ လက်ညိုးထိုးလို့ မရပေမယ့် ဒီ scene တွေကို ထည့်ရိုက်ပြထားတာဟာ အိမ်တွင်းရေးမပြေလည်တဲ့ ဘ၀တွေနဲ့ The age of anxiety လို့ သုံးနှုန်းရလောက်တဲ့ အဲဒီခေတ်မှာ စိတ်ညစ်ညူးမှုတွေကို ပုံစံအမျိုးမျိုး နဲ့ ထွက်ပေါက်ရှာတတ်တဲ့ အနေအထားမျိုးလို့ပဲ တွေးယူမိပါတယ်။ ဖရန့်ခ်က သူ ဖောက်ပြန်ခဲ့တဲ့ အကြောင်း ဇနီးဖြစ်သူကို ပြန်ပြောပြတဲ့ အချိန်မှာတောင် ဧပရယ်ဘက်က တုန်လှုပ်မှု မရှိတော့ဘူး။ သူ တို့ နှစ်ယောက်ကြားက အမုန်းအစိုင်အခဲ က ထုထည်ကြီးမားနေခဲ့ပြီ။ အဲဒီ အစိုင်အခဲ ပေါက်ကွဲတဲ့ အချိန်မှာ၊ သူတို့ မိသားစုရဲ့ domestic violence ကမီးတောင် တစ်ခုပေါက်ကွဲသလို ရန်ဖြစ်စကားများမှုတွေ ခဏခဏ ဖြစ်လာရတဲ့ အဆုံးမှာတော့ …..ဒီရုပ်ရှင်ကနေ ပျော်ရွှင်မှုတွေ၊ စိတ်ကြည်နူးစရာ romance လေးတွေကို ခံစားရမှာ မဟုတ်ပါဘူး။ ဒေါသတကြီး ပေါက်ကွဲ အော်ဟစ်သံတွေ၊ ဆဲဆို ရန်ဖြစ်သံတွေ နဲ့ ပြည့်နှက်နေတဲ့ မပြေလည်တဲ့ အိမ်ထောင်သည် လင်မယားကို ပဲ မြင်ရမှာပါ။ အပေါ်ယံပဲ ကြည့်ရင်တော့ ခေတ်တစ်ခေတ် ရဲ့ နောက်ခံ အိမ်ထောင်ရေး ဇာတ်လမ်းပေါ့။ မပြေလည်တာတွေကို fix မလုပ်နိုင်ဘဲ အပေါ်ယံဟန်ဆောင်မှုတွေနဲ့ ပြေလည်သယောက် ဖုံးကွယ်ထားတဲ့ အခါ ကြာလာလေလေ၊ အနာယဉ်းလာလေလေ နဲ့ အဆုံးသတ် မကောင်းတဲ့ ဖြစ်စဉ်မျိုးပါပဲ။ အဲဒါကြောင့်ပဲ သူတို့ နိုင်ငံတွေမှာ Marriage ဆိုတာကို အယုံမကြည် မရှိသူတွေ များလာပြီး လက်မထက်ခင် အတူနေ၊ သဘောထားချင်း မတိုက်ဆိုင်ရင် လွယ်လွယ်လေး ကွဲ လိုက်ကြ၊ နောက် တစ်ယောက်နဲ့ ပြန် တွဲ လိုက်ကျ နဲ့ .. complicated relationships တွေကို ပိုင်ဆိုင်နေကြသလား မသိပါ။ဒီ ဇာတ်ကားထဲမှာ သတိပြုမိတာ တစ်ခုရှိတယ်။ အဲဒါက အိမ်ထောင်မပြုခင်မှာ ကိုယ်စီ စိတ်ကူးတွေ၊ အိပ်မက်တွေ ရှိတယ်။ဥပမာ – ဧပရယ် ဆိုရင် မင်းသမီး ဖြစ်ချင်နေတယ်။ တကယ်တမ်း အိမ်ထောင်ပြုလိုက်တဲ့ အချိန်မှာ အဲဒီ စိတ်ကူးတွေ အကောင်အထည်ဖော်ခွင့်မရှိတော့ဘူး။ မိသားစုဘ၀ထဲ မြုပ်နှံလိုက်ရတယ်။ သားသမီး ရလာတဲ့အချိန်မှာ ပို လို့တောင် မဖြစ်နိုင်တော့တယ်။ အဲဒီ အချိန် အိမ်ထောင်ရေးမှာ အဆင်မပြေတာလည်း ကြုံရော .. ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ခဲ့တဲ့ ဒါဏ်ရာဟောင်းက ပြန် ပေါ်လာတယ်။ အဲဒါ ပြသနာ အစ ပဲ။ယောက်ကျားတွေရဲ့ ဗီဇကို မသိမသာလေး ပြသွားတဲ့ ဇာတ်ကွက်လေးတွေ ရှိတယ်။ ဥပမာ ဧပရယ် (Kate) နဲ့ ဖောက်ပြန်ခဲ့တဲ့ Shep ဟာ သူတို့ရဲ့ အိမ်နီးချင်း၊ ဧပရယ်ရဲ့ အချစ်ဆုံး သူငယ်ချင်း မီလီ ရဲ့ ခင်ပွန်း။ မီလီက အိမ်ထောင်ရှင်မကောင်း တစ်ယောက်၊ ယောက်ကျားက ရှင်ဆိုရှင်၊ သေဆိုသေ၊ ဒါကို သူ့ယောက်ကျား လုပ်တဲ့သူက ဖောက်ပြန်တယ်။ နောက်ဆုံးခန်းမှာ မီလီက ဖရန့် နဲ့ ဧပရယ်အကြောင်း ခင်ပွန်းဖြစ်သူကို ပြောပြချင်တယ်ဆိုတော့ “သူတို့ အကြောင်းတွေ ငါဘာမှ မကြားချင်တော့ဘူးကွာ” ဆိုပြီး ထွက်သွားပါလေရော ..။ အဲဒါက တစ်ချက်။ဖရန့် တို့ရဲ့ နောက်ထပ် အိမ်းနီးခြင်း ဟဲလင် ဆိုလည်း သူ့ သား စိတ္တဇ ဝေဒနာသည်အတွက် တစ်ယောက်တည်း ရုန်းကန်နေရတာ။ ခင်ပွန်းလုပ်တဲ့သူက ဟောင်းဝဒ်က ဇနီး အပေါ် ထောက်ခံတဲ့ အပြုအမူမျိုးတစ်ခါမှ မပြခဲ့ဘူး။ တစ်ခုခု တိုင်ပင်ချင်တဲ့အချိန်တောင် နားမှာတပ်ထားတဲ့ ear phone ကို အသံမြင့်ပစ်လိုက်တယ်။ အဲဒီ အချက်တွေကို ကြည့်ချင်းအားဖြင့် ခင်ပွန်းတွေဟာ ဇနီးဖြစ်သူရဲ့ ဖွင့်ဟတိုင်ပင်တာမျိုးကို နားထောင်ချင်တဲ့ ဆန္ဒမရှိဘူး ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ နှစ်ယောက်ကြားက ထိတွေ့မှု နဲ့ ဝေမျှခံစားမှု အားနည်းခြင်း (lack of communication and sharing) က အိမ်ထောင်တစ်ခု ကျိုးပျက်စေနိုင်ဖို့ လုံလောက်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပြီ မဟုတ်လား။ဒီ ဇာတ်လမ်းရဲ့ နောက်ထပ် စိတ်ဝင်စားစရာ အချက်တစ်ခုက ဒီ ရုပ်ရှင်ကို ပုံဖော်ခဲ့သူ American Beauty တို့ Skyfall တို့လို နာမယ်ကြီး ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Sam Mendes က အဲဒီ ဇာတ်ကားရိုက်တဲ့ အချိန် ကိတ် ရဲ့ ခင်ပွန်းဖြစ်ပြီးတော့ အဲဒီ ဇာတ်ကားထွက်ပြီး နှစ်နှစ်အကြာ (၂၀၁၀) မှာ သူတို့ နှစ်ဦး လမ်းခွဲလိုက်ကြပါတယ်။ ဇာတ်ဝင်ခန်းတွေမှာ လင်မယားစရိုက် အနမ်းအရှုပ်၊ အပွေ့အဖက်တွေကို ပီပြင်အောင် ရိုက်ကူးရတာနဲ့ ပါတ်သတ်လို့ ဇနီး ဖြစ်သူ ကိတ် နဲ့ လီယို တို့ သရုပ်ဆောင်တဲ့ အပေါ် ကြီးကြပ်ရတာကို သူအနေနဲ့ စိတ်ထဲ ဘာမှ မရှိလှပါဘူးလို့ ဆန် က အင်တာဗျူး တစ်ခုမှာ ဖြေခဲ့ပါသေးတယ်။ထူးချွန်ဆုတွေနဲ့ ပါတ်သတ်ပြီး ပြောရရင် ရွှေကမ္ဘာလုံးဆု (Golden Globe) အတွက် စံကာတင် သုံးဆု ပါခဲ့ပြီး ကိတ် က အကောင်းဆုံး အမျိုးသမီးထူးခွန်ဆု ဆွတ်ခူးခဲ့ပါတယ်။ Silver Lingings Playbook က ဂျနီဖာ လောရင့်စ် ကို ကြည့်ပြီး ဒီ သူငယ်မ အတော် သရုပ်ဆောင်ကောင်းတာပဲလို့ တွေးခဲ့မိတာ။ ဒီ ဇာတ်ကားထဲက ကိတ် ကို ဘယ်မှီမလည်း။ (အသက်အရွယ်နဲ့ သဘာ ကတော့ အတော်ကွာပါတယ်။)အထူးသဖြင့် သူ စိတ်တွေအရမ်းလှုပ်ရှားနေလို့ စီးကရက် သောက်ပြီး စိတ်ထိမ်းရတဲ့ အခန်းတွေ၊ လင် ဖြစ်သူကို အားမလို အားမရ ဖြစ်နေလို့ .. “ဘာမှ အားကိုးလို့ မရဘူး။ ဘယ်လို ယောက်ကျားမျိုးလည်း” ဆိုပြီး လက်ညိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့တဲ အခန်းတွေနဲ့၊ ယောက်ကျားလုပ်သူက တခြား မိန်းမတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တယ်ဆိုတာ ပြန်ပြောတဲ့အချိန်မှာတောင် မျက်နှာ တစ်ချက်ကလေး မပျက်ဘဲနဲ့ “ အခုချိန်မှ ဘာရည်ရွယ်ချက်နဲ့ ဒါတွေ လာပြောနေတာလည်း၊ ရှင် အပေါ် ကျွန်မ ဘာ ခံစားချက်မှ မရှိတော့ဘူး” ဆိုပြီး သွေးအေးအေး ပြန်ပြောနေတဲ့ အခန်းတွေက အတော် သရုပ်ပါ ပါတယ်။ဒီ ဇာတ်လမ်းကနေ တွေးမိတာတော့ အိမ်ထောင်မှု တစ်ခုဆိုတာ ဘက်ပေါင်းစုံက ရှု့ထောင့်အမျိုးမျိုးနဲ့ ချဉ်းကပ်စဉ်းစားရတဲ့ ကျုယ်ပြန့်တဲ့ ဘာသာရပ်တစ်ခုပါပဲဗျာ။ ဘ၀ ခရီးရှည်ကြီးကို မသေမချင်း အတူတူ လျှောက်လှမ်းရတဲ့ အချိန်မှာ သူ့ ဆီမှာ ကိုယ် လက်မခံနိုင်စရာ ဘယ်လိုအချက်တွေ ပါလာနိုင်လည်း ဆိုတာလည်း ကြို မသိနိုင်ဘူးလေ။ အဲဒါကြောင့် လက်ထပ်ပြီးစ စုံတွဲတွေကို Honeymoon ပျားရည်ဆမ်းခရီး ထွက်ခိုင်းကြတာ။ အဲလို သွားတယ်ဆိုတဲ့ သဘောကလည်း ခရီးရှည်ကြီးကို နှစ်ယောက်အတူ မသွားခင် ခရီးတို တစ်ခုကို နှစ်ယောက်အတူ သွားကြည့်တာ။ လူ တစ်ယောက်အကြောင်းဆိုတာ ခရီးအတူ ထွက်ရင်ကို ဘယ်လို စရိုက်တွေ ရှိလည်း သိနိုင်တာမျိုးတဲ့။ အဲလို ခရီးတိုလေး ထွက်တဲ့အချိန် ကိုယ် မကြိုက်တဲ့ အမူအကျင့်တွေ ကိုယ့် ဘ၀ခရီးဖော်ဆီက တွေ့လာခဲ့ရင် သည်းခံစိတ်ရှည် နားလည်နိုင်အောင်လို့တဲ့ဗျာ။စာလည်း အတော်ရှည်သွားပြီ။ စဉ်းစားစရာ ကောင်းတဲ့ အချက်လေး နှစ်ချက်နဲ့ ဒီ အညွန်းကို ပိတ် ပါရစေ …A man is incomplete until he is married. After that, he is finished.ယောက်ျားတစ်ယောက်ဟာ အိမ်ထောင်မပြုသေးမချင်း မပြီးပြည့်စုံဘူး။ အိမ်ထောင်ပြုပြီးသွားရင်တော့ နိတ္ထိတံ သွားပြီ။

File size…(935 MB) and (1.1 GB)
Quality…BluRay Rip 720p
Format…mp4
Duration….01:59:00
Subtitle….Myanmar Subtitle (Hardsub)
Credit - Channelmyanmar

Tuesday, June 19, 2018

Little Forest (2018) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 851 MB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 851 MB

















Synopsis

တစ်ချို့သော သူတွေဟာ ပြောင်းလဲမှု ဒဏ်ကို မခံနိုင်ကြသလို ပြောင်းလဲဖို့ကိုလည်းမကြိုးစားကြဘူး…


တိုးတက်ရာတိုးတက်ကြောင်းအတွက် နေရာ ဒေသ ပြောင်းလဲသင့်ပြောင်းလဲရမယ်ဆိုတာရယ် ...ပညာရပ်တစ်ခုကို ထပ်ပေါင်းသင်ကြားရင်း အမြင့်တစ်ခုဆီကို တက်လှမ်းသင့် လှမ်းရမယ်ဆိုတာရယ် တော်တော်များများကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာကြားနေရပါတယ်..ဒီနေရာမှာ မေးခွန်း ထုတ်စရာရှိတာက ပျော်ရွှင်မှုဆိုတာဘာလဲ.တစ်ချို့သူတွေအတွက် ပြောင်းလဲမှုတွေကြားမှာ ပျော်ရွှင်မှုပျောက်ဆုံးနေတတ်ကြတယ်...တစ်ချို့တွေကတော့ ပြောင်းလဲမှုမှာ အံဝင်ခွင်ကျဖြစ်သွားကြတယ်.. ဒါကြောင့် တိုတောင်းလှတဲ့ လူ့ဘ၀မှာ မိမိရဲ့ပျော်ရွှင်မှုလှပတဲ့ အနာဂတ်တစ်ခုတည်ဆောက်ဖို့ဆိုတာ မိမိရဲ့ စိတ်သန္တန်မှာပဲရှိတာပါ…တစ်ခြားသူတစ်ယောက်ရဲ့ ဘ၀နေနည်း နဲ့ချိန်ထိုးနေဖို့ မလိုပါဘူး..ဒီကိုရီးယား ဇာတ်ကားလေး ဟာ ဒီအကြောင်းတွေကို အလှပဆုံးပုံဖော်ရိုက်ကူးထားတာပါ…ဟယ်ဝန်းဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ သူမျှော်မှန်းထားတဲ့  ရည်မှန်းချက်ကိုရောက်ဖို့ မွေးရပ်မြေ ကျေးလက်တောရွာလေးကိုခွဲခွာပြီး မြို့ပြကို ထွက်လာခဲ့တယ်…ပြောင်းလဲမှုတွေဟာ သူ့အတွက်ခါးသီးလွန်းခဲ့တယ်…ဒါကြောင့် ရွာကလေးပြန်လာခဲ့တယ်..သူ့ ရဲ့ ဒဏ်ရာတွေ မွန်းကျပ်မှုတွေကို ကုစားရင်း သူလိုအပ်နေတဲ့ ဘ၀ရဲ့ အဖြေကို ကြိုးစားရှာဖွေပုံတွေကို ကြည့်ရှုခံစားရမှာပါ.ဒီဇာတ်ကားလေးက နာမည်ကျော် မန်ဂါ ဇာတ်လမ်းတွဲ” Little Forest ” ကို အခြေပြုပြီးပြန်လည်ရိုက်ကူးထားတဲ့ကားလေးပါ ဂျပန်ဇာတ်ကားအနေနဲ့ လည်း Little Forest: Summer & Autumn နဲ့  Little Forest: Winter & Spring ဆိုပြီး Live Action နှစ်ကားထွက်ခဲ့ပါသေးတယ်.. ဒီကိုရီးယားကားလေးမှာတော့ တစ်ကားထဲမှာပဲ အားလုံးကိုရိုက်ပြထားတာပါ..IMDb 7.5 ရရှိထားပြီး သဘာဝကျေးလက်အလှတရားတွေနဲ့ဘ၀နေပျော်မှုလေးတွေကို အနုပညာမြောက်စွာပြသထားတဲ့ ဒီကားလေးကိုခံစားကြည့်လိုက်ပါဦး.....

File Size : (850 MB)
Quality : HDrip 720
Format…mp4
Duration…01:43:00
Genre : Drama
Subtitle : Myanmar Subtitle (Hard Sub)
Credit - Channelmyanmar

Monday, June 18, 2018

Rampage (2018) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 1 GB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 899 MB































Synopsis

မုဆိုးတွေလက်ကနေ ကယ် ဆယ်လာခဲ့တဲ့ ဂျော့ခ်ျဆိုတဲ့ ဂေါ်ရီ လာမျောက်ဝံဖြူကြီးဟာ သာမန် မျောက်ဝံတွေနဲ့မတူဘဲ ထူးခြားတဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုမျိုးရှိနေတယ်ဆိုတာ ဒေးဗစ်က သတိထားမိပြီး ဂျော့ခ်ျနဲ့လည်း ရင်းနှီးခဲ့ပါတယ်။တစ်ရက်မှာတော့ ဂျော့ခ်ျ နေတဲ့နေရာကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကျလာပြီး အဲဒါကို ဂျော့ခ်ျ က ထိလိုက်တဲ့အခါမှာတော့ ည တွင်းချင်းမှာကို ဂျော့ခ်ျစိတ်ရိုင်း ဝင်ကာ ခန္ဓာကိုယ်အရွယ်အစား ကလည်း အကြီးကြီးဖြစ်သွားခဲ့ပါ တယ်။

အဲဒီနောက်မှာတော့ ဒေးဗစ် ကို မျိုးရိုးဗီဇဆိုင်ရာ ပညာရှင် ဒေါက်တာကိတ်ကဲလ်ဝဲက ဆက် သွယ်ပြီး ဂျော့ခ်ျ အခုလိုဖြစ်သွား တာဟာ Energyne ကုမ္ပဏီက စမ်းသပ်ထားတဲ့ သန္ဓေပြောင်း ပစ္စည်းကြောင့်လို့ပြောပါတယ်။ဒေါက်တာကိတ်ကိုလည်း Energyne ကုမ္ပဏီက အလုပ် ထုတ်ပစ်ခဲ့သလို ကုမ္ပဏီနဲ့ စမ်း သပ်မှုတွေကို ထုတ်ပြောလို့ဆိုပြီး ထောင်ချပစ်ဖို့အထိပါ လုပ်ခဲ့ပါ တယ်။ဂျော့ခ်ျကို အေးဂျင့်ဟာဗေး ရက်ဆဲလ်ဦးဆောင်တဲ့ အစိုးရ အဖွဲ့အစည်းက လေယာဉ်နဲ့ ဖမ်း ဆီးခေါ်ဆောင်သွားပေမယ့် လေယာဉ်ကို ဖျက်ဆီးပြီး ဂျော့ခ်ျလွတ် မြောက်သွားသလို ရက်ဖ်ဆိုတဲ့ သန္ဓေပြောင်း ဝံပုလွေကြီးက လည်း သူ့ကိုလိုက်ဖမ်းတဲ့အဖွဲ့ကို အပြတ်ရှင်းပစ်ခဲ့ပါတယ်။အဲဒီနောက် ဂျော့ခ်ျနဲ့ ရက်ဖ် တို့ ပေါင်းမိပြီး ချီကာဂိုမြို့တော် ကို ဝင်ရောက်ဖျက်ဆီး တိုက်ခိုက် ခဲ့ပါတော့တယ်။ ပြဿနာက အဲဒီ မှာတင် မပြီးသေးပါဘူး။ ကုန်းပေါ်မှာ ဂျော့ခ်ျနဲ့ ရက်ဖ်တို့ တိုက် ခိုက်ဖျက်ဆီးနေသလို လစ်ဇီဆို တဲ့ သန္ဓေပြောင်း မိကျောင်းကြီး ရန်ကလည်း ထပ်ပေါ်လာပါတော့ တယ်။ဒေးဗစ်နဲ့ ဒေါက်တာကိတ် ဟာ စိတ်ရိုင်းဝင်ပြီး တွေ့သမျှ အန္တရာယ်ပြုနေတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို ပုံမှန်အခြေအနေ ပြန်ဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ထားကာ ထိန်းချုပ်နိုင်ဖို့ အသည်းအသန် ကြိုးပမ်းခဲ့ကြပါ တယ်။သန္ဓေပြောင်း သတ္တ၀ါတွေ က ဘယ်လိုတွေ ဒုက္ခပေးမှာလဲ၊ ဒေးဗစ်တို့ ယုံကြည်ထားသလို ဂျော့ခ်ျကို မူလအနေအထားဖြစ် အောင် ပြန်လုပ်နိုင်ပါ့မလားဆို တာကို အမိုက်စား အထူးပြုလုပ် ချက်တွေ၊ အက်ရှင်ပြကွက်တွေနဲ့ ရိုက်ကူးထားတာမို့ ပရိသတ်တွေ သဘောကျမှာပါ။ပရိသတ်အချစ်တော် အက် ရှင်မင်းသားကြီး ဒ၀ိန်းဂျွန်ဆင်က အဓိက သရုပ်ဆောင်ထားတာဖြစ် ပြီး နာအိုမီဟားရစ္စ၊ မာလင်အ ကာမန်၊ ဂျက်ဖရီးဒင်းန်မော်ဂန်၊ ဂျိတ်ခ်လေစီ၊ ဂျိုးမန်ဂါနီလို စသူ တွေပါဝင်ထားပါတယ်။

File Size : (1 GB) and (899 MB)
Quality : WEB-DL 720p
Running Time : 1hr 47min
Format : Mp4
Genre : Action, Adventure, Sci-Fi

Subtitle : Myanmar Subtitle (Hard Sub)
Credit - Channelmyanmar

Tomb Raider (2018) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 1 GB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 880 MB




Synopsis

အဲဒီမှာ သူ့အဖေထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဒဏ္ဍာရီဘုရင်မ ဟီမီကိုနဲ့ပတ် သက်ပြီး သုတေသနလုပ်ထားတာ တွေကို ပြောပြထားကာ အန္တ ရာယ်များလွန်းတဲ့အတွက် ဆက် မလုပ်ဖို့နဲ့ ဖျက်ဆီးပစ်ဖို့ မှာခဲ့ပေ မယ့် လာရာကတော့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အဲဒါနဲ့ လာရာဟာ ဟောင် ကောင်ကို ခရီးထွက်ခဲ့ပြီး ဟီမီကို ဘုရင်မ အုတ်ဂူရှိနိုင်မယ့် ကျွန်း ဆီကို သွားခဲ့ပါတယ်။ လမ်းမှာ မုန်တိုင်း အကြီးအကျယ်မိပြီး သင်္ဘောပျက်ကာ ကျွန်းတစ်ကျွန်း ပေါ် ကမ်းတင်သွားပြီး ဟီမီကို အုတ်ဂူကို လိုက်ရှာနေတဲ့ အဖွဲ့ ခေါင်းဆောင် မက်သီရက်ဗိုဂယ် ဆိုသူက ဖမ်းဆီးထားခဲ့ပါတယ်။


ဗိုဂယ်ဟာ ရစ်ချက်ကို သတ် ပစ်ခဲ့ပြီး ရစ်ချက်ရဲ့ သုတေသန ပြုချက်တွေနဲ့ ဟီမီကိုအုတ်ဂူ ကို ဆက်ရှာဖို့ ကြံစည်နေတာပါ။ လာရာကို သင်္ဘောကပ္ပတိန် လူ ရန်က ကယ်ဆယ်ခဲ့ပြီး ဒေသခံရေ လုပ်သားတွေ အကူအညီနဲ့ အုတ် ဂူရှိရာကျွန်းဆီကို သွားခဲ့ပါတယ်။ကျွန်းပေါ်မှာ ဘာတွေဆက်ဖြစ်မလဲ၊ ဟီမီကိုကို ဘယ်လိုတားဆီးမလဲဆိုတာတော့ ပရိသတ်ကြီး ဆက်လက်ခံစားကြည့်ကြပါ။

File Size : (880 MB) and (1 GB)
Quality : Blu-Ray 720p and 360p
Running Time : 1hr 58min
Format : Mp4
Genre : Action, Adventure, Drama
Subtitle : Myanmar Subtitle (Hard Sub)
Credit - Channelmyanmar

Sunday, June 17, 2018

3 AM-Pars 3 (OT - Ghost Overtime) (2014) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 467 MB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 737.5 MB

































Synopsis

2014 မှာ ထွက်ရှိထားတဲ့ ထိုင်းသရဲကားတစ်ကားဖြစ်ပါတယ်..3AM ထဲမှာပါတဲ့ ဇာတ်ကားအပိုင်း 3ခုထဲကတစ်ခုရဲ့ အဆက်အဖြစ် ဆက်လက်ရိုက်ကူးထားခြင်းဖြစ်ပါတယ်..


3AM ထဲမှာ အချိန်ပိုဆင်းတဲ့ ရည်းစား၂ယောက်ကို သရဲအဖြစ်ခြောက်လှန့်ပြီးတော့ စနောက်တဲ့သူ2ယောက်အကြောင့် ထွက်ပြေးသွားကြရတဲ့ရည်းစား၂ဦးလုံး လှေကားပေါ်ကနေ ပြုတ်ကျသွားပြီးသေဆုံးသွားပါတယ်..အဲ့ဇာတ်ကားကိုမှတ်မိကြမယ်ထင်ပါတယ်..အခုဒီဇာတ်ကားရဲ့အစမှာလည်း ထိုဇာတ်ကားကအပိုင်းအစ လေးတွေကိုပြန်ပြီးတော့ပြထားပေးပါတယ်..Ghost Over Time ဇာတ်ကားမှာတော့အစအနောက်သန်တဲ့ လူတစ်စုနဲ့အတူသရဲအယောင်ဆောင်တာတွေမှာ..တကယ့်သရဲအစစ်ပါလာတဲ့အခါဘယ်လိုတွေကြုံတွေ့ကြရမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ကြပါ

Credit - Channelmyanmar

Wednesday, June 13, 2018

3 AM-Part.2 (2014) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 388 MB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 741 MB


































Synopsis

3.A.M Part 2 ကို  ပရိတ်သက်များအတွက် ထပ်မံတင်ဆက်လိုက်ပါပြီဒီအခန်းမှာလဲ အရင် Part 1 တုံးကလို အခန်း ကဏ္ဍ ၃ ခု လောက်ပါဝင်လာပါတယ်
၁။ အစိမ်းသေ
၂။ ခေါင်းပြတ်သီလရှင်
၃။ ပုံပြောသူ

၁။ အစိမ်းသေအရာတစ်ခုခုကို စွဲလန်းပြီး သေသွားတဲ့ လူတစ်ယောက်ဟာသူ စွဲလန်း နေတဲ့ အရာတစ်ခုခု အတွက် ကျန်တဲ့သူတွေကိုပါကောင်းကောင်းမနေရအောင် ဒုက္ခလိုက်ပေးတက်တဲ့သူ…၂။ ခေါင်းပြတ်သီလရှင်ဘုရားကျောင်းပျက် တစ်ခုထဲမှာစန္ဒရား တစ်ခု ရှိပြီး အဲ့ဒီ စန္ဒရား ကို မကြောက်မလန့်သွားတီးခဲ့ရင် ခေါင်းပြတ်သီလရှင် က လာခေါ်တယ်ဆိုတဲ့ယုံတမ်း ပုံပြင် တစ်ခု နဲ့ အချစ်အတွက် အရူးလုပ်ခံလိုက်ရတဲ့တွမ်ဘွိုင်းလေး….၃။ ပုံပြောသူအထပ်ပါ ခေါင်းစဉ် ၂ ခုကို ဒီပုံပြောသူတွေက ပြောခဲ့တာဖြစ်ပြီးပုံပြောပြီးတဲ့နောက် အဲ့ဒီ ပုံပြင်တွေက သူတို့ အနောက်ကိုကပ်ပါလာခဲ့သော အခါ…..

Credit - channelmyanmar

3AM (2012) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 367 MB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 477 MB



























Synopsis

 2012 ထွက်ရှိခဲ့တဲ ထိုင်းသရဲ ရုပ်ရှင်ဖြစ်ပြီး ဇတ်လမ်း ၃ မျိုး ပါဝင်ပါတယ်..
၁. ဆံပင်တုလုပ်သူ
၂.အသုဘ အလောင်းပြင်သူ
၃. အစအနောက်သန်သူ

ဆံပင်တု လုပ်တဲ့နေရာသို့ သင်းချိုင်းကုန်းမှ အလောင်းဆီကနေဆံပင်ဖြတ် လာရောင်း တာကို ၀ယ်လိုက်မိပြီး ဒုက္ခများသွားတဲ့ညီအစ်မ နှစ်ယောက်….အသုဘ အလောင်းပြင်ဖို့ တာဝန်နဲ့ အသုဘ အလောင်းနှစ်ခုကိုညအိပ်စောင့်ရင်း စပ်စုတက်တဲ့ စိတ်ရယ် သနားစိတ်ရယ်အချစ်စိတ်ရယ် ပေါင်းပြီး သေသူ ကိုကြိုက်မိသူ တစ်ဦး….နည်းပညာ Co.Ltd တစ်ခုရဲ့ မန်းနေးဂျင်းဒါရိုက်တာ နှစ်ဦးမှအလုပ်တွင် ရေသာချောင်ခိုလိုက်ပြီး ညဘက် OT ဆင်းတယ်ဆိုပြီးအချိန်ပိုကြေးတွေ ညာယူနေတဲ့ ၀န်ထမ်းတွေကို စနောက်ရင်းကနေအလုပ်အတွင်း လူသေမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့တဲ့အခါ…ဇတ်ကား သုံးကားလုံး ရဲ့ အချိန်ကြာမြင့်ချိန်၁ နာရီခွဲခန့် ရှိပြီး နှလုံးရောဂါရှိသူများ ကြည့်ရှုရန်မသင့်တော်ပါ…

Credit - channelmyanmar

Tuesday, June 12, 2018

Lucy (2014) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 1GB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 873 MB
































Synopsis



သာမန်လူတစ်ယောက်ဟာ သူတို့ရဲ့ ဦးနှောက်ကို ဘယ်လောက်များအသုံးချနိုင်မလဲ၊ ဦးနှောက်တစ်ခုလုံးကို အသုံးချလို့ရတဲ့ လူက ဘယ်လိုဖြစ်သွားမလဲ။ စကားလက် ဂျိုဟန်ဆန် အဓိကသရုပ်ဆောင်ထားတဲ့ ဒီကားလေးက တော်တော်ကောင်းတဲ့ ကားတစ် ခုလို့ သတ်မှတ်လို့ရပါတယ်။ လူစီဟာ သူငယ်ချင်းတစ်ယောက် ဒုက္ခပေးလို့ ဘုမသိဘမသိနှင့် ဆေးတစ်မျိုးကို ဗိုက်ထဲထည့်သယ်ပေးရတာဖြစ်ပါတယ်။ ဆေးက မတော်တဆပွင့်ကျသွားခဲ့လို့ IQ မြင့်သွားတဲ့အခါ လူဆိုးတွေက သူမနောက်ကို လိုက်လာတဲ့ အခါ သူမကိုယ်တိုင်တွေးတောင် မတွေးဖူးခဲ့တဲ့ IQ အထိ မြင့်သွားခဲ့ပါတယ်။ God levelအထိ ရောက်သွားခဲ့တာဖြစ်ပြီး ဘယ်လိုရောက်သွားသလဲတော့ ကိုယ်တိုင်ပဲ ကြည့်ရှု့ကြည့်ကြပါ။

Credit - mmsubtitles


I kill Giants (2018) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 760 MB

Download Here (ဒီမှာဒေါင်းပါ) Mega Link -  760 MB

















Synopsis

ဒီကားလေးကို Trailer စကြည့်ကတည်းက မျော်လင့်မိနေတာ ဟယ်ရီပေါ်တာကားထုတ်လုပ်သူတွေကရိုက်ထားတဲ့ကားဆိုပြီး
monster giant တွေပါတယ်ဆိုတော့ ကိုယ့်အကြိုက်ပေါ့ ;p
ဒီဇာတ်ကားကိုအညွှန်းရေးရမယ်ဆိုရင်တော့ဖြင့်
လူတိုင်းမှာရင်မဆိုင်ရဲတာမျိုး ကြောက်ရွံနေတာမျိုးရှိတတ်ကြပါတယ်
အဲ့ဒီအရာကိုရှောင်ပြေးနေရင်း ဖြစ်လာတဲ့ပုံစံမျိုးလေးရိုက်ထားတာပါ
အဓိကဇာတ်ကောင်ဖြစ်တဲ့ ဘာဘရာသော်ဆင် ဆိုတဲ့ကောင်မလေးက ကျောင်းမှာဆို ရူးကြောင်ကြောင်အဖြစ်သတ်မှတ်ခံရပြီး
အပေါင်းအသင်းမရှိတဲ့လူတစ်ယောက်
သူကိုယ်တိုင်ကလည်း သူ့အရွယ်ကလေးတွေက ခပ်ပိန်းပိန်းတွေလို့သဘောထားတယ်
ပြီးတော့ သူ့မှာလည်းလျို့ဝှက်ချက်တစ်ခုရှိနေတယ်
ဘာလဲဆိုတော့ မြို့ကို Giant တွေအန္တရာယ်ကကာကွယ်ပေးနေရတာ
အပေါင်းအသင်းမရှိတဲ့ ဘာဘရာတစ်ယောက် လန်ဒန်ကနေပြောင်းလာတဲ့ ဆိုဖိယာဆိုတဲ့ကောင်မလေးနဲ့
တွေ့တွေ့ချင်းပဲ ခင်သွားတယ်ပြီး သူ့လျို့ဝှက်ချက်တွေကိုပြောပြလိုက်တယ်
ဇာတ်လမ်းရဲ့ ၂/၃လောက်ထိက ဘာဘရာတစ်ယောက်ဘာလို့ထူးဆန်းနေရတာလဲ Giantတွေကဘယ်လိုလာဖျက်ဆီးမလဲ
ဆိုတာတွေနဲ့ စိတ်ဝင်စားစရာကောင်းနေပြီး ဇာတ်လမ်းပြီးခါနီးလာလေလေ တစ်ကယ့်ဖြစ်ရပ်မှန်တွေပေါ်လာလေလေပါ
အများကြီးရေးချင်ပေမယ့် Spoiler ဖြစ်သွားမှာဆိုးလို့ ဒေါင်းပြီးပဲကြည့်လိုက်ကြပါတော့နော်

Gern – Drama / Thrill
Duration – 1hr 40min
Subtitle – Myanmar
Credit - Channel Myanmar


Thursday, June 7, 2018

Hot Shots! Part Deux (1993) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 1 GB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 800 MB




















Synopsis

Hot Shot Part 1 ရဲ့အဆက်လာပါပြီ။ ဒီကားကတော့ ရုပ်ရှင်ပရိသတ်တွေရဲ့အချစ်တော် စတားလုံးရဲ့ Rambo ဇာတ်ကားကို သရော်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဆာဒမ်ဟူစိန်ကိုလဲသရော်ထားပြီး Basic Instinct ကိုပါ ဟာသအဖြစ်ထည့်ထားပါသေးတယ်။ဒီ Part 2 မှာတော့ သူရဲကောင်းကြီး တော်ပါဟာလေဟာ ချစ်သူ ရမန်ဒါနဲ့ကွဲကွာသွားပြီး အာရှမှာ ဇာတ်မြုပ်နေခဲ့ပါတယ်။ တစ်ဖက်မှာလဲ
အမေရိကန်အစိုးရက အရှေ့အလယ်ပိုင်းဒေသမှာ ဖမ်းခံထားရတဲ့ အမေရိကန်ဓားစာခံတွေကို ကယ်ထုတ်တာ လုံးဝမအောင်မြင်ဘူးဖြစ်နေခဲ့ပါတယ်။
အဲ့ဒါကြောင့် ထုံးစံအတိုင်း တော်ပါဟာလေကို ပြန်ခေါ်ဖို့ကြိုးစားခဲ့ရပြီး ဓားစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲ၊ တော်ပါဟာလေနဲ့ ရမန်ဒါတို့ကရော
ဘာကြောင့်ကွဲကွာသွားရတာလဲ၊ ဆာဒမ်ဟူစိန်ကိုရော ဘယ်လိုရှင်းကြမလဲဆိုတာတော့ ဆက်လက်ခံစားကြည့်ရှုကြပါ။ဒီကားမှာ နာမည်အကြီးဆုံးကတော့ ကြက်နဲ့မြားပစ်တဲ့အခန်းပါ။ ဒါ့အပြင် နာမည်ကြီးရုပ်ရှင်တွေထဲက ဇာတ်ဝင်ခန်းတွေကိုပါ သရော်ထားပြီး
Part 1 တုန်းကထက်တောင် ပိုပြီးရယ်ရပါသေးတယ်။ Part 1 ကြည့်ပြီးတဲ့သူတွေအတွက်တော့ Part 2 နဲ့ဆို အချိတ်အဆက်ပိုမိသွားပြီး
ပိုရယ်နေရမှာပါ။ အခု Part 2 မှာ ရုပ်ရှင်ပရိသတ်တွေရဲ့ အချစ်တော် နာမည်ကြီးဟာသသရုပ်ဆောင် နောက်တစ်ယောက်လဲ ပါပါသေးတယ်။
ဘယ်သူလဲဆိုတာတော့ မပြောပြတော့ပါဘူး။

တစ်ခုအသိပေးချင်တာကတော့ Hot Shots နှစ်ကားလုံးမှာ အသုံးပြုသွားတဲ့ဟာသပြက်လုံး၊ ထေ့လုံးတွေဟာ မြန်မာပရိသတ်တွေအတွက်
အလှမ်းဝေးနေပြီး မူရင်းစာသားအတိုင်းပြန်ကြည့်တဲ့အခါ ဟာသအရသာပျောက်သွားပြီး မရယ်ရတော့ပါဘူး။ မင်းသား၊မင်းသမီးနာမည်
အသုံးအနှုန်းကအစ ၁၉၉၀ ၀န်းကျင်က မင်းသားမင်းသမီးဟောင်းကြီးတွေရဲ့ နာမည်ကိုယူပြီး ပြက်လုံးထုတ်ထားတာဖြစ်တဲ့အတွက်
CM ကနေ မြန်မာပရိသတ်နားလည်လွယ်အောင်၊ ဟာသကိုသဘောပေါက်လွယ်အောင်လို့ ပြက်လုံးအတော်များများကို မြန်မာမှုအနည်းငယ်
ပြုထားပါတယ်။ ဒါဟာ ပျော်စေ၊ ပျက်စေသဘောနဲ့လုပ်တာမဟုတ်ပဲ ဟာသတစ်ခုကို အဓိပ္ပါယ်နားလည်လွယ်အောင်လို့ Contextualize လုပ်တယ်လို့ နားလည်ပေးစေချင်ပါတယ်။

File Size : (1 GB) and (800 MB)
Quality : Blu-Ray 720p
Running Time : 1hr 26min
Format : Mp4
Genre :Action, Comedy

Subtitle : Myanmar Subtitle (Hard Sub)
Credit - Channelmyanmar

Hot Shots (1991) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 999 MB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 800 MB































Synopsis

မြန်မာပေါကားတွေကြည့်ရတာရိုးနေပြီလား? အမေရိကန်ပေါကားစစ်စစ်ကြည့်ချင်ပါသလား? ဒါဆိုရင်တော့ Hot Shots ကို ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။Hot Shots ရုပ်ရှင်ဟာ ဟောလီးဝုဒ်က နာမည်ကြီးဇာတ်ကားတော်တော်များများကို သရော်ထားတဲ့ရုပ်ရှင်ကားပါ။အခုတင်ဆက်ပေးလိုက်တဲ့ Hot Shots Part 1 ကတော့ 1986 ခုနှစ်ကထွက်ရှိခဲ့တဲ့ Top Gun ဆိုတဲ့ရုပ်ရှင်ကို အဓိကထား သရော်ထားတာဖြစ်ပြီး Kevin Costner ရဲ့ Dances with Wolves လို နာမည်ကျော်ကားကြီးတွေကိုလဲ နည်းနည်းစီ သရော်ထားပါတယ်။

အခု Part 1 မှာတော့ အဖေ့ရဲ့နာမည်ဆိုးကို အမွေဆက်ဆံထားရတဲ့ တော်ပါဟာလေကို လေတပ်က ပြန်လည်ဆင့်ခေါ်လိုက်ပြီး လျှို့ဝှက်မစ်ရှင်အကြီးစားတစ်ခုမှာ ပါဝင်ခိုင်းတဲ့အကြောင်းဖြစ်ပါတယ်။ဂျက်လေယာဉ်ကြီး လေပေါ်မှာ Drift ဆွဲတာ၊ ဘရိတ်အုပ်လိုက်တာတွေအပြင် ရယ်မောစရာအခန်းတွေအများကြီးပါတာကြောင့် မြန်မာရွာကားတွေကြည့်ရတာ ပျင်းရိလာတဲ့ပရိသတ်တွေအတွက် ကြည့်သင့်တဲ့ အမေရိကန်နွားကျောင်းသားကားတစ်ကားဖြစ်ပါတယ်။မကြာခင်မှာလဲ စတားလုံးရဲ့ Rambo ရုပ်ရှင်ကားတွေ အဓိကထားသရော်ထားတဲ့ Hot Shots Part 2 ကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

File Size : (999 MB) and (800 MB)
Quality : Blu-Ray 720p
Running Time : 1hr 24min
Format : Mp4
Genre :Action, Comedy

Subtitle : Myanmar Subtitle (Hard Sub)
Credit - Channelmyanmar

Wednesday, June 6, 2018

Voice from the Stone (2017) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 526 MB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 705 MB

 


















Synopsis

တိတ်ဆိတ်မှု?????
တိတ်ဆိတ်မှုဆိုတာဘာလဲ။
တိတ်ဆိတ်မှုမှာ အဓိပ္ပါယ်ပေါင်းများစွာ အကြောင်းအရင်းပေါင်းများစွာ ခံစားချက်ပေါင်းများစွာ ပါဝင်နေတတ်တယ်။
အတိတ်ဆိုတာ ကျွန်တော်တို့မနက်မိုးလင်းလို့အိပ်ယာကထလိုက်တာနဲ့ အိပ်မက်အဖြစ်ကျန်ခဲ့သွားပါပြီ။

ဒီဇာတ်ကားလေးကတော့ Game of thrones fanတွေရဲ့ အသည်းစွဲမင်းသမီးလေး Emilia Clarkeရဲ့ပူပူနွေးနွေးထွက်ရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။
Emiliaဟာ Me before you ဇာတ်ကားထဲကလိုပဲ ယခုဇာတ်ကားမှာလည်း nurseတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။
သို့ပေမယ့် ယနေ့ခေတ်nurseအဖြစ်သရုပ်ဆောင်ခြင်းမဟုတ်ဘဲ 1950 ကာလပတ်ဝန်းကျင်အခြေအနေနဲ့ရိုက်ပြထားခြင်းဖြစ်သည်။
မိခင်ဖြစ်သူကွယ်လွန်သွားတဲ့အတွက်စွံ့အသွားတဲ့ကောင်လေးတစ်ယောက်ကို Verena အမည်ရှိတဲ့ nurseမလေး တစ်ယောက်က ဘယ်လိုတွေပြုစုပေးမလဲ။
ကောင်လေးကရော ဘာ့ကြောင့်စွံ့အသွားတာလဲ
ကောင်လေးနဲ့နီးစပ်လာရင်းနဲ့ ကောင်လေးဟာ သာမန်တိတ်ဆိတ်ဆွံ့အသွားခြင်းမဟုတ်ဘဲ
မန္တန်တစ်ခုကြောင့်ဖြစ်သွားရတာသိလိုက်ရတဲ့အခါမှာတော့ …

File Size : 700 MB / 526 MB
Quality : WEBDL 720P
Running Time : 1hr 34minutes
Format : Mp4

Genre :    Drama, Mystery, Thriller
Credit - Channelmyanmar

Monday, June 4, 2018

Blackhat (2015) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 979 MB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 979 MB































Synopsis

Thor မင်းသား Chris Hemsworth နဲ့ တရုတ်မင်းသမီး Tang Wei တို့အဓိကပါဝင်ထားတဲ့
Action, Crime, Drama အမျိုးအစားဇာတ်ကားပါ။
Hacking နဲ့ပတ်သတ်တဲ့အသုံးအနှုန်းတွေပါနေတာကြောင့် IT နည်းပညာနဲ့ပတ်သတ်ပြီး
ဆက်စပ်မှုရှိမှပဲ ကြည့်လို့အဆင်ပြေနိုင်ပါတယ်။
IMDb Rating (5.4/10) ရရှိထားပြီး Rating တွေနည်းနေတာကိုတော့ သတိပြုစေချင်ပါတယ်။

File size…995MB
Quality…Blu-ray Rip 720pFormat…mp4
Duration….01:50:39

Subtitle….Myanmar Subtitle (Hardsub)
Credit - Channelmyanmar

Me, Myself & Irene (2000) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 903 MB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 903 MB
















































Synopsis

ကျွန်တော်တို့ အချစ်တော်ကြီး Jim Carrey ရဲ့ နောက်ထပ် အလန်းစားရုပ်ရှင်တစ်ကား ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်2000 ခုနှစ်က ရိုက်ကူးခဲ့ တဲ့ Old But Gold ရုပ်ရှင် တစ်ကားဖြစ်ပါတယ်IMDb rating 6.6 ရရှိထားပြီး ရုပ်ရှင် ဘတ်ဂျက် ၅၁ သန်းအသုံးပြုထားကာBox Office မှာ ဝင်ငွေ ၁၄၉ သန်း ပြန်လည်ရရှိထားပါတယ်

ရိုးသားတဲ့ စိတ်စေတနာကောင်းတဲ့ ပြည်နယ်သေးသေးလေးက ရဲတပ်ဖွဲ့ဝင်လေးတယောက်အရမ်းဥာဏ်ကောင်း IQ မြင့်တဲ့ ချောချောလှလှ မိန်းကလေးတယောက်နဲ့အိမ်ထောင်ကျရာက မိန်းမ က ဖောက်ပြန်လို့ စိတ်ဒဏ်ရာ ရတဲ့အကြောင်းတွေကို Jim Carrey ပီသစွာပဲပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပါတယ်မိန်းမထွက်သွားပြီး တခြားသူနဲ့ မွေးတဲ့ သား ၃ယောက်နဲ့ သူ့ကိုချန်ခဲ့ပုံလူတစ်ကိုယ်စိတ် နှစ်မျိုး အဖြစ်ကြုံလာရပုံတာဝန်အရ လိုက်စောင့်ရှောက်ပေးရတဲ့ မိန်းကလေးတယောက်နဲ့အလွဲတွေကြုံရပုံ အစရှိတာတွေကို တသောသောရယ်မောနေရင်းကြည့်ရှုရမှာပါတခုပြောစရာရှိတာက တစ်ကားလုံး ညစ်ညမ်းတဲ့ စကားပြောခန်းတွေအများကြီးပါဝင်ပါတယ်ဘာမှ မပြင်ဆင် ဆင်ဆာမဖြတ်ပဲ ဒဲ့ပဲ ဘာသာပြန်ပေးထားပါတယ်Hitman’s bodyguard ကို ခင်ဗျားတို့ ဆဲလှပြီလို့ထင်နေပါသလားဒီရုပ်ရှင်သာကြည့်လိုက်ပါ ? ?ဇာတ်လမ်းကတော့ ကျွန်တော့်အကြိုက်မို့လို့ သေချာလေး ဂရုစိုက်ဘာသာပြန်ရေးထားပေမဲ့လွဲနေတာများ မတော်တဆ ပါလာခဲ့ရင် ဘာသာပြန်သူကျွန်တော့်အပြစ်သာဖြစ်ပါတယ်encode လုပ်ပေးထားတာကတော့ Than Htike Zaw ဖြစ်ပီး Translate ကတော့ Yewai Lynnhtut ပါကြည့်ရှုပြီးတဲ့အခါအားရပါးရရယ်နိုင် မောနိုင် ဆဲဆိုနိုင်ကြပါစေဗျာ

File Size : (900 MB) and (400 MB)
Quality : Blu-Ray 720p
Running Time : 1h 56min
Format : Mp4
Genre : Comedy

Subtitle : Myanmar Subtitle (Hard Sub)
Credit - Channelmyanmar

Sunday, June 3, 2018

Passengers (2016) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 1 GB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 1 GB

















































Synopsis

# Admin အကြိုက်ဆုံးကားပါ... J Law ရဲ့ အလှဟာ အသက်ရှုမှားလောက်အောင်ကို တကားလုံးကို ဆွဲခေါ်သွားပါလိမ့်မယ်... ခိခိ

Avalon အာကာသယာဉ်ကြီးဟာ ခရီးသည် ၅ထောင်ကျော်နဲ့ အတူ ယာဉ်ဝန်ထမ်း ၂၅၈ ယောက်ကို သယ်ဆောင်ပီး ဂြိုလ်အသစ် Homestead II ဆီသို့ပျံသန်းလာခဲ့ပါတယ်။ ကမ္ဘာမြေကနေ Homestead II ဆီသို့ ပျံသန်းချိန်ဟာ နှစ်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သူအားလုံးဟာ Hibernation Pod လို့ခေါ်တဲ့ အသက်အရွယ် အိုမင်းခြင်းမရှိဘဲ အိပ်စက်နေရတဲ့ ဖန်ပေါင်းချောင် တွေထဲမှာအိပ်စက်ရင်းလိုက်ပါနေကြတာဖြစ်ပါတယ် ( Hibernation Pod တွေကို Avator ဇာတ်ကားထဲမှာလည်းတွေ့ဖူးကြမှာပါ) ဒီလိုလိုက်ပါလာရင်း နှစ်ပေါင်း ၃၀ အကြာမှာတော့ Jim Preston ဆိုတဲ့ mechanical engineer တစ်ယောက် ဟာ Hibernation Pod ထဲကနေ စက်ချို့ယွင်းပီး နိုးလာပါတယ်။ ယာဉ်တစ်ခုလုံးမှာ သူတယောက်ထဲသာ နိုးလာခြင်းဖြစ်ပီး Homestead II သို့ရောက်ရှိဖို့ နှစ်ပေါင်း ၉၀ကျန်နေပါသေးတယ်။ Hibernation Pod ကိုပြင်ပီး ပြန်အိပ်စက်ဖို့ သူကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ယာဉ်ဝန်ထမ်းတွေကို နှိုးပီးအကူအညီ ယူဖို့ကလည်း သူတို့တွေ အိပ်စက်နေတဲ့ အခန်းတွေကို သာမန်ခရီးသည်တဦးက ဝင်ရောက်ခွင့်မရှိတဲအတွက် Jim အခက်တွေ့ရပြန်ပါတယ်။ယာဉ်တခုလုံး အဖော်ပြုစရာဆိုလို့ Arthur ဆိုတဲ့ ဘားကောင်တာကစက်ရုပ်တစ်ရုပ်ဘဲရှိပါတယ်။

ဒီလိုနဲ့ Jim တစ်ယောက် ယာဉ်ပေါ်မှာရှိတဲ့ ကစားစရာတွေကစားရင်း စားစရာတွေစားရင်း နေလာလိုက်တာ တစ်နှစ်ရှိသွားခဲ့ပါတယ်။ အထီးကျန်မှုကို မခံစားနိုင်လို့ သူ့ကိုယ်သူ သတ်သေဖို့လည်းတွေးမိခဲ့ပါသေးတယ်။ တစ်ရက်မှာတော့ အမှတ်မထင်ဘဲ Aurora ဆိုတဲ့လှပချောမောတဲ့မိန်းကလေးတစ်ယောက်ရဲ့ Hibernation Pod ကို Jim တွေ့သွားပါတယ်။ သူမရဲ့ Video file ကို ပြန်ကြည့်မိတဲ့အခါမှာတော့ သူမဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပီး ဂြိုလ်အသစ်နဲ့ စတင်မယ့် လူတွေအကြောင်း စာအုပ်ရေးသားဖို့ လိုက်ပါလာတဲ့သူ ဖြစ်နေပါတယ်။ အထီးကျန်နေတဲ့ Jim အတွက် သူစွဲလန်းသွားတဲ့ မိန်းကလေး Aurora ကို နှိုးလိုက်ရင် ကောင်းမလား မကောင်းဘူးလားဝေခွဲမရဖြစ်နေရာကနေ နောက်ဆုံးမှာတော့ Aurora ကို နှိုးလိုက်ပါတယ်။ Aurora ကိုတော့ သူမရဲ့ စက်ဟာ သူ့စက်လို ချို့ယွင်းပီး နိုးလာတာလို့ဘဲ အသိပေးခဲ့တာပါ။တကယ်တော့ သူတို့နှစ်ယောက်ဟာ Hibernation Sleep ကိုပြန်မသွားနိုင်ရင် ကျန်ရှိတဲ့ နှစ်ပေါင်း ၈၉နှစ်ကို ဒီယာဉ်ကြီးပေါ်မှာသာ
ကုန်ဆုံးရတော့မှာပါ။ Aurora တစ်ယောက် သူ့ကို Jim က ရည်ရွယ်ချက်ရှိရှိနဲ့ နှိုးခဲ့တာ သိသွားခဲ့ရင် Jim ကို ခွင့်လွှတ်နိုင်ပါ့မလား….သူတို့တွေ Hiberbnation Sleep ကိုပြန်သွားနိုင်မှာလား ဒါမှမဟုတ် ကျန်ရှိတဲ့ နှစ်တွေကို ယာဉ်ပေါ်မှာ ဘယ်လိုကုန်ဆုံးကြမလဲ…..Jim အဖြစ် မင်းသား Chris Pratt ကသရုပ်ဆောင်ထားပီး Aurora အဖြစ် Jennifer Lawrence က သရုပ်ဆောင်ထားပါတယ်။ လာမယ့် Oscar အတွက် ဆုနှစ်ဆု ရာထားခြင်းခံရပါတယ်။ ဒါရိုက်တာကတော့ 2014 တုန်းက The Imitation Game နဲ့ Oscar ဆုရာထားခံခဲ့ရတဲ့ Morten Tyldum ဖြစ်ပါတယ်။ Passenger ဟာ Sci-Fi ဇာတ်ကားဆိုပေမဲ့ လူသား နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာပေါ် အခြေ ခံထားပါတယ်။ ဇာတ်ကားကို ကြည့်ရင်းနဲ့ Avalon ယာဉ်ပျံကြီးကို စိတ်မဝင်စားတော့ဘဲ Jim နဲ့ Aurora ရဲ့ အချစ်ဇာတ်လမ်းကို ပိုအာရုံရောက်လာစေပါတယ်။ Titanic နဲ့ Wall-E ပေါင်းထားတဲ့ ပုံစံမျိုးကို ခံစားမိမှာပါ။Jim ဘက်ကကြည့်ရင် Aurora ကို နှိုးလိုက်ခြင်းဟာ သူအသက်ဆက်ရှင်သန်ဖို့ မျှော်လင့်ချက်ဖြစ်ပီး Aurora ဘက်ကကြည့်ရင်တော့ သူမကိုနှိုးလိုက်ခြင်းဟာ သူမဘဝကို အဆုံးသတ်လိုက်ခြင်းဖြစ်နေပါတယ်။ သူတို့ နှစ်ယောက် တွေ့ဆုံမှုဟာ ကံကြမ္မာကြောင့်ဖြစ်လာခဲ့တယ်လို့ပြောရင် သင်ယုံမလား…အကယ်၍ Jim သာ Hibernation Sleep ကနေ စက်ချို့ယွင်းပီး မနှိုးထခဲ့ရင်………

Imdb Rating- 7/10
File size…(999MB)
Quality…HD-Rip 720p
Format…mp4
Duration….01:56:00
Subtitle….Myanmar Subtitle (Hardsub)
Credit - Channelmyanmar

Begum Jaan (2017) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 852 MB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 852 MB
































Synopsis

ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၇ထွက်
အလန်းစား တစ်ကားကို တင်ဆက်ပေးထားပါတယ်။

ဒီဇာတ်ကားက အက်ရှင်ဇာတ်ကား တစ်ကား မဟုတ်ပါဘူး
ဒီဇာတ်ကားက အနုအရွလေးတွေပါတဲ့ ဒရာမာကား တစ်ကား မဟုတ်ပါဘူး။
#နှစ်ချို့ဝိုင်လို စူးရှရှ ခပ်ပြင်းပြင်းနဲ့ တကယ့်
အနှစ်တွေပါတဲ့ ဇာတ်ကားတစ်ကားပါ
(ဝိုင်ဘယ်လို အရသာရှိလဲ မသိဘူးနော် :p)ဒီဇာတ်ကားဟာ ၁၉၄၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန်
အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။၁၉၄၇ ခုနှစ်မှာ အိန္ဒိယကို အုပ်ချူပ်နေတဲ့ ဗြိတိသျှနောက်ဆုံး ဘုရင်ခံဟာ
အိန္ဒိယ နိုင်ငံကြီးကို အိန္ဒိယ-ပါကစ္စတန် ဆိုပြီး နှစ်နိုင်ကွဲထွက်သွားအောင် နှစ်ခြမ်းခွဲခဲ့ပါတယ်။နိုင်ငံ တစ်နိုင်ငံကနေ အစစအရာရာဟာ နှစ်ပိုင်းဖြစ်ပြီး
နယ်စပ်မျဉ်း နှစ်ကြောင်းရေးဆွဲကာ သံဆူးကြိုးတွေကာရံခဲ့ပါတယ်။အရာရာကို နှစ်ခြမ်းခွဲခဲ့ပေမယ့် နယ်စပ်မျဉ်း
နှစ်ကြောင်းလုံးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်ခု ရှိနေပါတယ်
အဲ့ဒါကတော့ #ဘေဂွန်ဂျမ်းရဲ့ ဆောင်ကြာမြိုင်ပါပဲ။#ဘေဂွန်ဂျမ်းဆိုတာ ငယ်ဘဝကတည်းက ဒုက္ခကို မိတ်ဖွဲ့ပြီး ဘဝကို
ဒေါင်ကျကျပြားကျကျ ဒူပေဒဏ်ပေခံလာသူ တစ်ယောက်။#ဘေဂွန်ဂျမ်းဆိုတာ သတို့သမီးဘဝနဲ့ မွေးရပ်မြေက စွန့်ခွာသွားခဲ့ရပေမယ့်
ကံကြမ္မာဆိုးကြောင့် ပြည်တန်ဆာခေါင်း တစ်ယောက်အဖြစ်နဲ့ ဇာတိကို ပြန်လာခဲ့ရသူတစ်ယောက်။#ဘေဂွန်ဂျမ်းဆိုတာ ဥပဒေက သူ့ကို ပြန်ကြောက်နေရတဲ့သူ တစ်ယောက်။#ဘေဂွန်ဂျမ်းဆိုတာ ဘုရင်ကိုယ်တိုင်က ကောင်းချီးပေးထားရသူ တစ်ယောက်။အဲ့ဒီလို ဘေဂွန်ဂျမ်းလို လူမျိုးရဲ့ ဆောင်ကြာမြိုင်ဟာ
နယ်စပ် စစ်ဆေးရေးဂိတ်တွေ ဆောက်လုပ်မှာမို့
မဖြစ်မနေ နှစ်ခြမ်းခွဲမှကို ဖြစ်လာတဲ့အခါဘေဂွန်ဂျမ်းနဲ့ ပြည်တန်ဆာ ၁၁ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကတော့ ………့( ဇာတ်လမ်းကတော့ Age Rating က 15+လို့တော့ ပြောထားပေမယ့်
ဇာတ်လမ်းထဲမှာ အသုံးအနှုန်းတွေ ကြမ်းပါတယ်
တချို့ဇာတ်ဝင်ခန်းတွေ လန်းပါတယ်
မိသားစုနဲ့ ကြည့်ဖို့ ကိုယ်တိုင်အရင်ကြည့်ပြီးမှ ဆုံးဖြတ်ကြပါလို့ ???? )

File Size : 850 MB
Quality : HDRip720p
Running Time : 2hr 8minutes
Format : Mp4

Genre : Action, Drama
Credit - channelmyanmar

Bad Genius (2017) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 893 MB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 893 MB


































Synopsis

Synopsis
ဒီကားလေးကတော့ နိုင်ငံတကာဆုပေါင်းများစွာရရှိထားတဲ့ Drama/Thriller အမျိုးအစား ကားလေးတစ်ကားဖြစ်ပါတယ်။ဒီကားလေးကိုကြည့်ရှုပြီး
ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်အဆင့်အတန်းကိုလဲအထင်သေးလို့မရဖူးဆိုတာတွေ့ရှိရမှာပါ။
ညဏ်အင်မတန်ကောင်းပြီးဖြတ်ထိုးညဏ်ကောင်းတဲ့Lynnကတစ်နေ့မှာ အဖေဖြစ်သူရဲ့ ဆန္ဒကြောင့်သာမန်ကျောင်းလေးကနေနာမည်ကြီးလူချမ်းသာတွေတက်တဲ့ကျောင်းကိုပြောင်းေ
ရွှ့ လာခဲ့ပါတယ်။အဲလိုနဲ့အဲဒီကျောင်းမှာ Graceဆိုတဲ့လူချမ်းသာကောင်မလေးနဲ့အရမ်းခင်တဲ့သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ Graceကပြဇာတ်မှာပါဝင်ရဖို့အတွက်အဆင့်ကောင်းကောင်းရ
ချင်နေပေမယ့်လဲသင်္ချာမှာအရမ်းညံ့တဲ့  Graceဟာစာမေးပွဲမှာအခက်ကြုံရပါတော့တယ်။ဒါပေမယ့် Lynnက ညဏ်နီညဏ်နက်မျိုးစုံသုံးပြီးGraceကိုအဆင့်ကောင်းအောင်ကူညီနိုင်ခဲ့ပါတယ်။
Graceက Lynnအကြောင်းကို သူ့ချစ်သူ လူချမ်းသာလေး Patကိုပြောပြရာကနေ အချောင်အမှတ်ကောင်းချင်တဲ့ Patဟာ ဆင်းရဲတဲ့  Lynnကိုငွေနဲ့ဆွဲဆောင်ပါတော့တယ်။
Lynnကလဲ စာမေးပွဲမှာညဏ်နီညဏ်နက်မျိုးစုံနဲ့စာပြပြီးငွေရှာပါတော့တယ်။ အဲလိုတွေဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကတော့…..စာခိုးချနည်းမျိုးစုံနဲ့တစ်အံ့တသြနဲ့ကြည့်ရှုရမှယ့်ကားလေးဖြစ်တဲ့အတွက်
လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်။
သရုပ်ဆောင်တွေကလဲဝါရင့်သရုပ်ဆောင်တွေမဟုတ်ပေမယ့်လည်း အိုဗာမဖြစ်ပဲ ဇာတ်လမ်းနဲ့အံဝင်ခွင်ကျသရုပ်ဆောင်နိုင်တာကိုတွေ့ရပါတယ်။ဒီကားလေးဟာမြန်မာနိုင်ငံမှာလဲရုံတင်ပြသထားပြီးတော်တော်များများအကြိုက်တွေ့ကြတဲ့ဇာတ်ကားလေးဖြစ်တဲ့အတွက်အများကြီးညွှန်းစရာတော့လိုမယ်မထင်တော့ပါဖူး။

Translated by Thun Thet Hsu & Apl Lajawn
Encoded by k
Quality DVDrip
Size  893 MB
Credit - Gold Channel


Wednesday, May 30, 2018

All The Money In The World (2017) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive -  1 GB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 1 GB


































Synopsis

1973ခုနှစ် ရောမမှာ မျက်နှာဖုံးတပ်ထားတဲ့လူတစ်စုက ဆယ်ကျော်သက်ကောင်လေး ဂျွန်ပေါလ်ဂတ်တီကို ပြန်ပေးဆွဲသွားခဲ့တယ်
သူ့အဖိုးက ဂျင်းပေါလ်ဂတ်တီက ဆီလုပ်ငန်းနဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်တစ်ယောက်ဖြစ်ပြီး ကပ်စေးနဲတယ်လို့
ကျော်ကြားနေသူဖြစ်ပါတယ် သူ့ရဲ့အချစ်ဆုံးမြေးအဖမ်းခံရမှုက သူနဲ့မဆိုင်သလိုသဘောထားလျက်ရှိပါတယ်
ပြန်ပေးသမားတွေတောင်းတဲ့ငွေကိုလဲ ပေးဖို့စိတ်မဝင်စားတဲ့အခါ ဂျွန်ရဲ့အမေဖြစ်သူက သူ့သားကို ပြန်ပေးသမားတွေလက်ထဲက
ရအောင်ကယ်ထုတ်ဖို့ အစွမ်းကုန်ကြိုးစားရပါတော့တယ်
John Pearson ရဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး 2017အတွက် အော်စကာစာရင်းဝင်ဇာတ်ကားကောင်းတစ်ခုဖြစ်လို့
ပရိတ်သတ်တွေနှစ်သက်ကြမယ်ထင်ပါတယ်

IMDb: 7.0
Director: Ridley Scott
Stars: Michelle Williams, Christopher Plummer, Mark Wahlberg
Genre: Biography, Crime, Drama
Quality: blueray 720p
Credit - mmsubtitle

Ali (2001) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 901 MB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 901 MB



































Synopsis

ကမ္ဘာကျော်လက်ဝှေ့သမား မိုဟာမက်အလီကို မသိသူမရှိလောက်ဘူးထင်ပါတယ် ဒါကတော့သူ့ဘဝဇာတ်ကြောင်းပါ မွတစလင်လူမဲတယောက်ဖြစ်တဲ့ အလီရဲ့ ဘာသာရေးထိုးနှက်ချက်တွေ လူမျိုးရေးခွဲခြားမှုတွေ ခံစားခဲ့ရပုံတွေကို ဒီဇာတ်ကားထဲမှာ အပြည့်အဝကြည့်ရှုခံစားရမှာဖြစ်ပါတယ်

Director: Michael Mann
Stars: Will Smith, Jamie Foxx, Jon Voight
Genre: Biography, Drama, Sport
Credit - mmsubtitle


Tuesday, May 29, 2018

Along with the Gods The Two Worlds (2017) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Goolge Drive - 1 GB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 1 GB
































Synopsis

ဒါရိုက်တာ ကင်ယုံဟွာက ကာတွန်းဆရာ ဂျိုဟိုမင်ရဲ့ဝက်ဘ်ကာတွန်းစီးရီးကို အသက်သွင်းရိုက်ကူးပြီး ရုပ်ရှင်ကိုနှစ်ပိုင်းခွဲဖြန့်ချိမှာဖြစ်ကာ ဒုတိယပိုင်းကို ၂၀၁၈ မှာ ထုတ်လုပ်မယ်လို့ ဆို ပါတယ်။အဓိကသရုပ်ဆောင်တွေက Ha Jung-woo၊ Cha Tae-hyun၊ Ju Ji-hoon၊ Lee Jung-jae၊ Do Kyung-soo၊ Kim Hyang-gi တို့ဖြစ်ပြီး Lotte Entertainment က ဖြန့်ချိထား တာပါ။ မီးသတ်သမား ကင်ဂျာဟုန် ဟာ တာဝန်ထမ်းဆောင်ရင်း မမျှော်လင့်ဘဲ သေဆုံးခဲ့ပြီး ဘ၀ ကူးပြောင်းသွားတဲ့ ဂျာဟုန်ဟာ မရဏတိုင်းပြည်က အစောင့်အ ရှောက်သုံးယောက်နဲ့ ဆုံပါတယ်။ အဲဒီသုံးယောက်ထဲမှာ ဂန်ရင်းက ခေါင်းဆောင်ဖြစ်ပြီး လူသားတွေ ပေါ် ခင်မင်ကြင်နာစိတ်ရှိပါတယ်။လူတစ်ယောက်ယောက် သေဆုံးပြီဆိုရင် မရဏနိုင်ငံကို သွားဖို့ အစောင့်အရှောက်တွေ အတူလိုက်ပါလေ့ရှိပြီး သေဆုံးသူ ဟာ လူ့ပြည်လား၊ ငရဲလား၊ ကောင်းကင်ဘုံလား ဆက်သွားရ မယ့်နေရာအတွက် ၄၉ ရက်အ တွင်းမှာ အဆင့်ခုနစ်ဆင့် ဖြတ် သန်းစစ်ဆေးခံရမှာပါ။

မီးသတ်သမားလေးဂျာဟုန် အဖို့ ဂန်ရင်းနဲ့အဖွဲ့ ခေါ်ဆောင်ရာ နောက်ကို လိုက်သွားရပြီး လမ်း တစ်လျှောက် ထူးဆန်းတာတွေ ဆက်တိုက်ကြုံရပါတယ်။ ဂျာ ဟုန် သွားရမယ့်ဘုံအတွက် စစ် ဆေးခံရတဲ့ အဆင့်တွေကိုလည်း အထူးပြုလုပ်ချက်တွေနဲ့ တင် ဆက်ထားလို့ ဆန်းဆန်းပြားပြား ရှုစားရမှာပါ။ဂျာဟုန်က ရိုးသားအပြစ် ကင်းတာကြောင့် ကောင်းမွန်ရာဘ၀ကို ပြန်ရောက်ဖို့ ဂန်ရင်းတို့က ကြိုးစားကာကွယ်ပေးပါတယ်။မီးသတ်သမားလေးဂျာဟုန် မရဏတိုင်းပြည်မှာ ဖြတ်သန်းရ မယ့် ၄၉ ရက်တာစွန့်စားခန်းက ဘယ်လိုရလဒ်နဲ့အဆုံးသတ်မလဲ ဆိုတာကတော့…။

File Size : (1.15 GB) and (526 MB)
Quality : Blu-Ray 720p
Running Time : 2hr 19min
Format : Mp4
Genre :Action, Drama, Fantasy

Subtitle : Myanmar Subtitle (Hard Sub)


Journey 2 The Mysterious Island (2012)


Download Here (ဒီမှာဒေါင်းပါ) Google Drive - 700 MB

Download Here (ဒီမှာဒေါင်းပါ) Mega Link - 700 MB

















































Synopsis

Sean Anderson partners with his mom’s boyfriend on a mission to find his grandfather, who is thought to be missing on a mythical island.

File Size : (700 MB) and (380 MB)
Quality : Blu-Ray 720p
Running Time : 1hr 34min
Format : Mp4
Genre : Action, Adventure, Comedy

Subtitle : Myanmar Subtitle (Hard Sub)
Credit : Channel Myanmar

Monday, May 28, 2018

Journey to the Center of the Earth (2008) မြန်မာစာတန်းထိုး


Download Here (ဒီမှာဒေါင်းပါ) Google Drive - 700 MB

Download Here (ဒီမှာဒေါင်းပါ)  Mega Link - 700 MB











































Synopsis

On a quest to find out what happened to his missing brother, a scientist, his nephew and their mountain guide discover a fantastic and dangerous lost world in the center of the earth.

File Size : (700 MB)
Quality : Blu-Ray 720p
Running Time : 1hr 33min
Format : Mp4
Genre : Action, Adventure, Family
Subtitle : Myanmar Subtitle (Hard Sub)
Credit : Channel Myanmar